NEWS

ရိဒ္ေခါဒါရ္ၿမိဳ႕သိမ္းတိုက္ပြဲတြင္ မီဇိုရမ္ဘက္ ထြက္ေျပးသည့္ စစ္ေကာင္စီတပ္သား ၄၀ေက်ာ္ အိႏၵိယ စစ္ရဟတ္ယာဥ္ျဖင့္ ေခၚေဆာင္သြား

People’s Spring

ျမန္မာ – အိႏၵိယနယ္စပ္ ဖလမ္းၿမိဳ႕နယ္ ရိဒ္ေခါဒါရ္ၿမိဳ႕တိုက္ပြဲတြင္ စစ္ေကာင္စီတပ္သားမ်ား အိႏၵိယႏိုင္ငံ မီဇိုရမ္ဘက္သို႔ ထြက္ေျပးသြားရာ အဆိုပါ စစ္ေကာင္စီတပ္သားမ်ားကို အိႏၵိယ စစ္တပ္ကရဟတ္ယာဥ္ျဖင့္ လာေရာက္ေခၚေဆာင္သြားသည္ဟု The Chin Journalက ႐ုပ္သံမွတ္တမ္းႏွင့္အတူ ေဖာ္ျပသည္။

ခ်င္းအမ်ိဳးသားတပ္မေတာ္(CNA) ဦးေဆာင္သည့္ ပူးေပါင္းတပ္က ရိဒ္ေခါဒါရ္ၿမိဳ႕ကို ႏိုဝင္ဘာ ၁၂ရက္တြင္ စတင္တိုက္ခိုက္ခဲ့ၿပီး ႏိုဝင္ဘာ ၁၃ရက္တြင္ ၿမိဳ႕ကို သိမ္းပိုက္ႏိုင္ခဲ့သည္။

ၿမိဳ႕ေပၚ႐ွိ စစ္ေကာင္စီတပ္စခန္းႏွစ္ခုကို သိမ္းပိုက္ႏိုင္ခဲ့ၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၃၀ေက်ာ္ အိႏၵိယ ဘက္ထြက္ေျပးသြားသည္ဟု CNA ေျပာေရးဆိုခြင့္႐ွိသူ ဆလိုင္းထက္နီက ေျပာျပသည္။

ယမန္ေန႔ ရိဒ္ေခါဒါရ္ၿမိဳ႕သိမ္းတိုက္ပြဲအတြင္း ထြက္ေျပးသည့္ စစ္ေကာင္စီတပ္သား ၃၉ဦး႐ွိခဲ့ၿပီး ယေန႔ (ႏိုဝင္ဘာ ၁၄ရက္)တြင္ ေလးဦးထပ္မံ ထြက္ေျပးခဲ့ရာ စုစုေပါင္း၄၃ဦး႐ွိၿပီး အဆိုပါ ၄၃ဦးကို ယေန႔ မြန္းလြဲ ၁နာရီခန္႔တြင္ အိႏၵိယႏိုင္ငံ က စစ္ရဟတ္ယာဥ္ျဖင့္ ေခၚထုတ္သြားသည္ဟု ေဖာ္ျပသည္။

႐ုပ္သံမွတ္တမ္းတြင္ အိႏၵိယစစ္ဘက္ယာဥ္ ၂စီးျဖင့္ ေခၚေဆာင္လာသည့္ စစ္ေကာင္စီတပ္သားမ်ားကို ရဟတ္ယာဥ္တစ္စီးေပၚ တင္ေဆာင္ပ်ံသန္းသြားသည္ကို ေတြ႕ရသည္။

ရိဒ္ေခါဒါရ္ၿမိဳ႕သိမ္းတိုက္ပြဲတြင္ စစ္ေကာင္စီတပ္ ေသဆုံးထိခိုက္႐ွိခဲ့ၿပီး လက္နက္ခဲယမ္းမ်ား ရ႐ွိခဲ့ေၾကာင္း အရာ႐ွိအပါအဝင္ စစ္ေကာင္စီ ၇ဦးကို အ႐ွင္ဖမ္းမိခဲ့ေၾကာင္း ဆလိုင္းထက္နီက ေျပာျပသည္။

ရိဒ်ခေါဒါရ်မြို့သိမ်းတိုက်ပွဲတွင် မီဇိုရမ်ဘက် ထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၄၀ကျော် အိန္ဒိယ စစ်ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွား

People’s Spring

မြန်မာ – အိန္ဒိယနယ်စပ် ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ်မြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်သို့ ထွက်ပြေးသွားရာ အဆိုပါ စစ်ကောင်စီတပ်သားများကို အိန္ဒိယ စစ်တပ်ကရဟတ်ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်သွားသည်ဟု The Chin Journalက ရုပ်သံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။

ချင်းအမျိုးသားတပ်မတော်(CNA) ဦးဆောင်သည့် ပူးပေါင်းတပ်က ရိဒ်ခေါဒါရ်မြို့ကို နိုဝင်ဘာ ၁၂ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၁၃ရက်တွင် မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ကျော် အိန္ဒိယ ဘက်ထွက်ပြေးသွားသည်ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပြသည်။

ယမန်နေ့ ရိဒ်ခေါဒါရ်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသည့် စစ်ကောင်စီတပ်သား ၃၉ဦးရှိခဲ့ပြီး ယနေ့ (နိုဝင်ဘာ ၁၄ရက်)တွင် လေးဦးထပ်မံ ထွက်ပြေးခဲ့ရာ စုစုပေါင်း၄၃ဦးရှိပြီး အဆိုပါ ၄၃ဦးကို ယနေ့ မွန်းလွဲ ၁နာရီခန့်တွင် အိန္ဒိယနိုင်ငံ က စစ်ရဟတ်ယာဉ်ဖြင့် ခေါ်ထုတ်သွားသည်ဟု ဖော်ပြသည်။

ရုပ်သံမှတ်တမ်းတွင် အိန္ဒိယစစ်ဘက်ယာဉ် ၂စီးဖြင့် ခေါ်ဆောင်လာသည့် စစ်ကောင်စီတပ်သားများကို ရဟတ်ယာဉ်တစ်စီးပေါ် တင်ဆောင်ပျံသန်းသွားသည်ကို တွေ့ရသည်။

ရိဒ်ခေါဒါရ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း အရာရှိအပါအဝင် စစ်ကောင်စီ ၇ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ဆလိုင်းထက်နီက ပြောပြသည်။

ရုပ်သံ – The Chin Journal