NEWS

ပြည်ပက ဒရုန်းပညာရှင်ကြီးများ အကူအညီဖြင့် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်ကို စွမ်းဆောင်ရည်မြင့်ဒရုန်းများနဲ့ တိုက်ခိုက် (ရုပ်/သံ)

ဒီဇင်ဘာ ၂ ရက်

ဒီဇင်ဘာ ၂ ရက်
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်ကို ပြည်ပက ဒရုန်းပညာရှင်များ အကူအညီဖြင့် စွမ်းဆောင်ရည်မြင့်ဒရုန်းများသုံးကာ တိုက်ခိုက်နေတယ်လို့ 𝐊𝐍𝐃𝐎တပ်ရင်း-၆ 𝐃𝐑𝐎𝐍𝐄တပ်ဖွဲ့ မှ သတင်းရရှိပါတယ်။
ကြာအင်းဆိပ်ကြီး၊ ချောင်းနှစ်ခွ၊ တောင်ကလေး၊ မော်လမြိုင်၊ ရတခ၊ကျိုက်မရော၊ ကဒါနဲ့ မုဒုံ အစရှိတဲ့ နေရာများမှာ အကြမ်းဖက်စစ်သားတွေရဲ့ တပ်စခန်းနဲ့ ခိုအောင်းရာနေရာကို 𝐊𝐍𝐃𝐎 တပ်ရင်း-၆ 𝐃𝐑𝐎𝐍𝐄တပ်ဖွဲ့ နဲ့ 𝗔𝗹𝗽𝗵𝗮 𝗕𝗮𝘁𝘀 ရဲ့ ပြည်ပက ဒရုန်းပညာရှင်ရဲ့ သာလွန်အင်အားဖြင့် တိုက်ခိုက်နေတာ ရက် ၂၀ ကျော်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ပြီး တိုက်ပွဲ ဝင်ဒရုန်းအများအပြားလည်း ထိခိုက်ပျက်စီးမှုအများအပြားရှိခဲ့တယ်လို့ သိရပါတယ်။